မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် သမ္မတဦးဝင်းမြင့်အပါအဝင် မဲဆန္ဒရှင်ထောင်ပေါင်းများစွာဟာ မဲရုံတွေကို နံနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း သွားရောက်မဲပေးခဲ့ကြပါတယ်။ ပြည်တွင်း စောင့်ကြည့်ရေးအဖွဲ့တွေက မဲပေးမှုတွေမှာ ပြဿနာတစ်စုံတစ်ရာ မတွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ကြပါတယ်