ပြီးခဲ့သည့် အောက်တိုလာလက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ဆော်ဒီအာရေးဗီးယာနိုင်ငံ ကောင်စစ်ဝန်ရုံးတွင် သတ်ဖြတ်ခံရသည့် ဆော်ဒီဂျာနယ်လစ် ဂျမားလ်ခါရှော့ဂီနှင့် တခြားပစ်မှတ်ထားခံရသည့် ဂျာနယ်လစ်များအား အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများအဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် တိုင်းမ်မဂ္ဂဇင်းက Person of the Year (တစ်နှစ်တာ သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်)အဖြစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ရွေးချယ်လိုက်သည်