“မြန်မာနိုင်ငံက ဆမ်ဆောင်းရဲ့ ခပ်မြန်မြန် တိုးတက်နေတဲ့ ဈေးကွက်ဖြစ်တယ်”

နိုင်ငံတကာ ကုမ္ပဏီကြီးဖြစ်သော ဆမ်ဆောင်းသည် တောင်ကိုရီးယား၏ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပြီး သူ၏ ဒါဇင်ပေါင်းများစွာသော လုပ်ငန်းခွဲများထဲ၌ ဆမ်ဆောင်း အီလက်ထရွန်းနစ်လည်း ပါဝင်သည်။ ဆမ်ဆောင်း အီလက်ထရွန်းနစ်သည် ကမ္ဘာ့အကြီးမားဆုံးအိုင်တီကုမ္ပဏီများထဲမှ တစ်ခုလည်း ဖြစ်သည်။ ဆမ်ဆောင်း လုပ်ငန်းစုကြီးတွင် ပါဝင်သော အခြားလုပ်ငန်းများမှာ သင်္ဘောတည်ဆောက်ခြင်း၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးနှင့် ကျန်းမာရေးကဏ္ဍများလည်း ပါဝင်သည်။

FRONTIER စာတည်းအဖွဲ့

ဆမ်ဆောင်း ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်တွင် အစိုးရအပြောင်းအလဲ ဖြစ်ပြီးကတည်းက အစပြု၍ မြန်မာ နိုင်ငံတွင် ၎င်း၏ တည်ရှိမှုကို စုဖွဲ့ တည်ဆောက်လျက်ရှိသည်။ Frontier သည် ဆမ်ဆောင်း အေးရှား၏ ဈေးကွက် ရှာဖွေရေး ဒု ဥက္ကဋ္ဌဖြစ်သူ Irene Ng နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် ဆမ်ဆောင်း၏ အစီအစဉ်များ မေးမြန်းခဲ့သည်။

samsung.jpg

 /></p><p></p><p><strong>မေး- ဆမ်ဆောင်းက မြန်မာနိုင်ငံအတွက် ဘယ်လို ဈေးကွက် ရှာဖွေရေးနည်းဗျူဟာတွေ ချမှတ်ထားပါသလဲ။</strong><br />ဖြေ- လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြန်မာနိုင်ငံမှာ ကျွန်မတို့ တံဆိပ်လူသိများအောင် လုပ်ဆောင်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်က ဈေးကွက်က ဖွင့်လှစ်ခါစ ဖြစ်တယ်။ ဖုန်းဆက်သွယ်ရေး အော်ပရေတာ အများအပြားကလည်း သူတို့ရဲ့ လုပ်ငန်းကို စတင်ခါစပဲ ရှိသေးတယ်။</p><p>ဒါကြောင့် ကျွန်မတို့က တံဆိပ်လူသိများအောင် လုပ်ဆောင်မှုကိုပဲ စတင်လုပ်ဆောင်ခဲ့တယ်။ အဲဒီ လုပ်ငန်းကို စားသုံးသူသုတေသန လုပ်ဆောင်ခြင်းနဲ့ အခြေပြု လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံက စားသုံးသူ တွေ ဘယ်လို ထုတ်ကုန်တွေကို ကြိုက်နှစ်သက်သလဲ သုတေသန ပြုခဲ့ပါတယ်။</p><p>ကျွန်မတို့ ရှာဖွေတွေ့ရှိခဲ့တာက မြန်မာနိုင်ငံက လူတွေဟာ တိုးတက် ဖွံ့ဖြိုးမှုကို စိတ်ဝင်စားကြတယ်။ ပြီးတော့ ပညာရေးကို စိတ်ဝင်စားကြတယ်။ သူတို့က သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို လေ့လာသင်ယူလိုတယ်။<br />ဒါ့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့ပါတယ်။ ကျွန်မတို့က အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ မိုဘိုင်းဖုန်းတွေကို သူတို့ ဘယ်လောက်ကြိုက်နှစ်သက်တယ် ဆိုတဲ့အပေါ် အဓိကထား လေ့လာတယ်။ ပြီးတော့ နည်းပညာတွေက သူတို့ဘဝကို ဘယ်လိုတိုးတက် ကောင်းမွန်စေနိုင် တယ်ဆိုတာကို ပြသတဲ့ အနေအထားကို လေ့လာခဲ့တယ်။</p><p><strong>မေး- စားသုံးသူတွေဆီက တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။</strong><br />ဖြေ- သူတို့က နည်းပညာအသစ်တွေကို နှစ်သက်တယ်။ ကျွန်မတို့က ကျွန်မတို့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း တွေကို မိတ်ဆက်ပေးတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့နှစ်က S5 ကို မိတ်ဆက်ပေးခဲ့ပြီး အခုနှစ်မှာ S6 ကို မိတ်ဆက်ပေးခဲ့တယ်။ ပြီးတော့ မကြာသေးမီကမှ Note 5 ကိုလည်း စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီထုတ်ကုန် တွေကို ကမ္ဘာတစ်ဝန်းမှာ မိတ်ဆက်ခဲ့တဲ့ အချိန်နဲ့ တစ်ချိန်တည်းမှာပဲ မိတ်ဆက်ပေးခဲ့တာပါ။</p><p>ကျွန်မတို့က မြန်မာနိုင်ငံအပေါ် အတော်ကို အာရုံစိုက်ထားပါတယ်။ စားသုံးသူတွေကလည်း နည်းပညာ အသစ်တွေကို လိုက်မီပြီး ထုတ်ကုန်အသစ်တွေကို လက်ခံလွယ်ကြပါတယ်။</p><p>ကျွန်မတို့က ဒေသတွင်းမှ လူ့အဖွဲ့အစည်းအတွက်လည်း ဝိုင်းဝန်းလုပ်ဆောင်ပေးလိုပါတယ်။ အခု ပြုလုပ်တဲ့ ဆမ်ဆောင်း အမှုဆောင်အရာရှိတွေနဲ့ ခရီးစဉ်ဆိုရင် ကျွန်မတို့က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေဆီ သွားရောက်ပြီး ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးတယ်။ ကျွန်မတို့ရဲ့ တက်ဘလက်တွေကို ပြသပြီး တချို့ကို ကလေးတွေကို ပေးခဲ့တယ်။ ဒီခရီးစဉ်မှာ အနီးတစ်ဝိုက် နိုင်ငံတွေက လူတွေပါဝင်ပြီး မြန်မာနိုင်ငံကို လာရောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပါပဲ။</p><p><strong>မေး- ဆမ်ဆောင်း က ဘာကြောင့် မြန်မာနိုင်ငံကို ဒီလောက် အာရုံစိုက်ပေးထားရပါသလဲ။</strong><br />ဖြေ- ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျွန်မတို့ရဲ့ အတိုးတက်ဆုံး ဈေးကွက် တွေထဲက တစ်ခုမို့ပါပဲ။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်းမှာ ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာ အများကြီး ရင်းနှီးမြှုပ်နှံ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ ဝန်ထမ်း အရေအတွက်ဟာ နှစ်ဆတိုးခဲ့ပါတယ်။</p><p>ဒီတော့ မြန်မာနိုင်ငံဟာ ကျွန်မတို့ရဲ့ တိုးတက်နေတဲ့ ဈေးကွက် ဖြစ်တယ်။ စားသုံးသူတွေကလည်း နည်းပညာအသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို လေ့လာလိုတယ်။ လက်ခံကြတယ်။ ဒီလိုဈေးကွက် ကြီးထွားပုံမျိုးနဲ့ဆို ကျွန်မတို့ ဒေသခံဝန်ထမ်းတွေ အများကြီးခန့်လို့ ရပါတယ်။</p><p><strong>မေး- ဘယ်ထုတ်ကုန်တွေက ဒီလို ဈေးကွက်တိုးတက်မှုကို ဖြစ်စေသလဲ။</strong><br />ဖြေ- အထူးသဖြင့်တော့ မိုဘိုင်းဖုန်းတွေပါပဲ။ မိုဘိုင်ဖုန်းလုပ်ငန်းက ပြီးခဲ့တဲ့ နှစ်အတွင်းမှာ တဟုန်ထိုး မြင့်တက် ခဲ့တယ်။ ဒီတော့ ကျွန်မတို့မှာ မိုဘိုင်းဖုန်းတွေ အတန်းအစား အစုံရှိပါတယ်။ အဆင့်မြင့် တန်ဖိုးကြီးဖုန်းတွေက နေ အလယ်အလတ်တန်းစားအပြင် သုံးဖြစ်ရုံအဆင့် ဖုန်းစသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ရဲ့ ဈေးကွက် ကြီးထွားမှုကို မိုဘိုင်းဖုန်းနဲ့ တက်ဘလက်တွေက ဦးဆောင်နေတာပါ။</p><p>အီလက်ထရွန်းနစ် ပစ္စည်းတွေမှာဆိုရင် ရုပ်မြင်သံကြားစက်တွေက ဦးဆောင်နေပါတယ်။ လူကြိုက်များ မှု ခေတ်ရေစီးက မျက်နှာပြင်အကြီး အရွယ်အစား ရုပ်မြင်သံကြားစက်တွေ ဖြစ်ပါတယ်။ အရင်က ၂၆ လက်မ မျက်နှာပြင်အထိ သုံးခဲ့ကြပေမဲ့ အခုဆိုလက်မ ၄၀ အထိ အသုံးများလာကြတာ တွေ့ရပါတယ်။</p><p><strong>မေး- ကုမ္ပဏီတွေ အတော်များများက corporate social responsibility CSR ကို ဦးစားပေး လုပ်ဆောင်လာ ကြတယ်။ CSR က ဘာကြောင့် ဆမ်ဆောင်းအတွက် အရေးပါရသလဲ။</strong><br />ဖြေ- ကျွန်မတို့က CSR အလုပ်တွေကို နေရာအနှံ့မှာ လုပ်ဆောင်နေသလို မြန်မာနိုင်ငံမှာလည်း လုပ်ဆောင် နေပါတယ်။ ကျွန်မတို့ အဓိက လုပ်ဆောင်တာကတော့ ပညာရေးကဏ္ဍပါ။ ၂၀၁၃ ခုနှစ်မှာ ကျွန်မတို့ အထက် တန်းကျောင်းသားတွေအတွက် ရုပ်သံအစီအစဉ်လေးတစ်ခုကို စီစဉ်ပေးခဲ့ပါတယ်။ အဲဒါက ပြိုင်ပွဲလေးတစ်ခု သဘောမျိုးပါ။ ဆုရရင် ဝင်ပြိုင်တဲ့ ကျောင်းသားက ဆုကြေးငွေ ထက်ဝက်ကို ရရှိပြီး ကျန်ထက်ဝက်ကို ကျောင်း က ရရှိပါတယ်။ ဒီတော့ ကျောင်းအတွက် ပြုပြင် မွမ်းမံတာတွေ၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်း ဝယ်ယူတာ တွေ လုပ်နိုင်ပါတယ်။</p><p>ကျွန်မတို့ဟာ ပညာရေးကဏ္ဍကိုပဲ အလေးပေး လုပ်ဆောင်ပေးပါတယ်။ ဆေးကျောင်းသားတွေ အတွက်လည်း အထောက်အပံ့ ပေးနိုင်တဲ့ အစီအစဉ်တွေ ဖန်တီးထားပါတယ်။ ပြီးတော့ အလုပ်အကိုင် ရရှိ ရေးနဲ့ပတ်သက်တာတွေလည်း လုပ်ဆောင်ပေးပါတယ်။ နောက်လာမယ့် အချိန်တွေမှာ အလုပ်သင် သင်တန်း တွေ၊ ပညာသင်ဆုတွေအထိ လုပ်ပေးနိုင်အောင် စီစဉ်နေပါတယ်။</p><p><strong>မေး- မြန်မာနိုင်ငံမှာ ဈေးကွက်ရှာဖွေရေး မားကတ်တင်း လုပ်ရတဲ့အခါမှာ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။</strong><br />ဖြေ- မြန်မာတွေက နည်းပညာအသစ်တွေနဲ့ ခေတ်ရေစီးအသစ်တွေကို လက်ခံလွယ်ကြတယ်။ မြန်မာနိုင်ငံက အင်တာနက် အမြန်နှုန်းက အရမ်းမြန်တဲ့ အဆင့်ထဲ မပါဝင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက လူအတော်များများက အင်တာနက်ကို သုံးနိုင်ကြပါတယ်။ အထူးသဖြင့် facebook ကို သူတို့ အသုံးများပါတယ်။</p><p>ဒီတော့ ကျွန်မကတော့ စိန်ခေါ်မှုရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒီလူတွေဆီ နည်းပညာရောက်ရှိအောင် လုပ်ရုံပါပဲ။ အခြေခံအဆောက်အအုံတွေ တိုးတက်လာရင် ဒီဖောက်သည်တွေဆီ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေ မြန်မြန်ရောက်နိုင်မှာပဲ။</p><p><strong>မေး- ခင်ဗျားတို့မှာ သီးခြားဈေးကွက် ပစ်မှတ်ရော ရှိပါသလား။</strong><br />ဖြေ- ကျွန်မတို့မှာ သီးခြားဈေးကွက် ပစ်မှတ်တွေ ရှိပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူအများစုက လူငယ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၃၀ အောက် လူငယ်တွေ အများကြီး ရှိပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ဈေးကွက်ပစ်မှတ်က ဒီလူငယ်တွေကို ရည်ရွယ်ပါတယ်။</p><p>အီလက်ထရွန်းနစ် ပစ္စည်းတွေအတွက်ဆိုရင်တော့ မိသားစုတွေနဲ့ အလုပ်လုပ်နေကြတဲ့ လူကြီးတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ရုပ်မြင်သံကြားစက်နဲ့ ရေခဲသေတ္တာတို့လို ပစ္စည်းတွေပေါ့။<br /> <br /><em>ဖြိုးဝင်းကိုကို ဘာသာပြန်သည်။</em></p></body>

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar